Business Knowledge

Jun 26, 2024

အမှတ်တံဆိပ် နဲ့နာမည်ဟာ လုပ်ငန်းတစ်ခုရဲ့ပြယုဂ်ပါ

MTWL Team

Admin

Purple Flower
Purple Flower
Purple Flower
Purple Flower

Ready to get started?

Elevate Your Marketing Game with LeadLoom. Start Your Free Trial Today!"

အမှတ်တံဆိပ် နဲ့နာမည်ဟာ လုပ်ငန်းတစ်ခုရဲ့ပြယုဂ်ပါ

မိမိလုပ်ငန်းကို လူအများမှတ်မိစေနိုင်၊ သိစေနိုင်ဖို့ဆို လုပ်ငန်းရဲ့ Logo နဲ့နာမည်ကအရေးကြီးဆုံးပါပဲ။ Logo ( အမှတ်တံဆိပ် ) ကိုမြင်လိုက်တာနဲ့ ဘယ်ကုမ္ပဏီရဲ့အမှတ်တံဆိပ်လည်းဆိုတာ တွဲမြင်သွားစေဖို့လည်းလိုအပ်ပါသေးတယ်။ ဥပမာ - Logo အရောင်မှာ အနီနဲ့အဖြူလေးတွေ့တာနဲ့ Coca-Cola ဆိုတာတန်းသိကြသလို၊ အဖြူအစင်းကြားလေးမြင်တာနဲ့ Adidas မှန်းသိကြတယ်လေ။

ဒီလို ကိုယ့်လုပ်ငန်းတစ်ခုရဲ့ ပြယုဂ်ကို အခြားလုပ်လုပ်ငန်းတစ်ခုကနေ ပုံစံတူကူးချတာဖြစ်ဖြစ်၊ ဆင်တူရိုးမှားကူးယူတာမျိုး မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ထားဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ online လုပ်ငန်းအသေးစားလေးတွေ မှိုလိုပေါက်ပေါများလာတာနဲ့အမျှ ကိုယ့်လုပ်ငန်းရဲ့ Brand Awareness, Brand Identity ကိုထိန်းထားနိုင်ဖို့ မိိမိတို့ရဲ့ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားဖို့လိုအပ်လာပါပြီ။ လုပ်ငန်းက ကုန်အမှတ်တံဆိပ်ကိုသာ မှတ်ပုံတင်ထားမယ်ဆိုရင်

  • လုပ်ငန်းက ရောင်းတဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှု တွေကို ဝယ်သူတွေဆီက မျက်မှန်းတန်းမိစေနိုင်ပြီး ဆင်တူရိုးမှားလည်း မရှိတဲ့အတွက် ဝယ်သူတွေ ထင်ယောင်ထင်မှား မဖြစ်စေတော့ပါဘူး။

  • ဆင်တူရိုးမှားမရှိတဲ့အတွက် လုပ်ငန်းရဲ့ ပုံရိပ်ကိုထိန်းထားနိုင်ပြီး ၊ ဝယ်သူတွေရဲ့ ယုံကြည်မှုကိုလည်း အပြည့်အဝရရှိစေမှာ အသေအချာပါပဲ။

  • မိမိလုပ်ငန်းရဲ့ အမှတ်တံဆိပ်နဲ့ နာမည်တွေကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ ပုံစံတူဖြစ်စေ ကူးယူထုတ်လုပ်တဲ့ လုပ်ငန်းတွေရှိလာခဲ့မယ်ဆိုရင်လည်း တရားဝင်ကာကွယ်နိုင်ပြီး တရားစွဲဆိုနိုင်တဲ့ အဆင့်အထိ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ပါတယ်။

  • ကိုယ့်လုပ်ငန်းက ဈေးကွက်ထဲမှာ ရပ်တည်နေတဲ့ နေရာတစ်ခုကိုထိန်းထားနိုင်ပြီး အသစ်ဝင်ရောက်လာနိုင်တဲ့ ပြိုင်ဘက်လုပ်ငန်းတွေရဲ့ပြိုင်ဆိုင်မှု ကိုလည်းကာကွယ်ပြီးသားဖြစ်သွားပါပြီ။

ဒါ့ကြောင့် Trademark ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို လုပ်ငန်းတိုင်းမဖြစ်မနေလုပ်ဆောင်ထားသင့်ပါပြီ။
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ဒီနေ့ခေတ်မှာ မိမိရဲ့ကုန်အမှတ်တံဆိပ်ကို အလွယ်တကူ ကူးယူ မရနိုင်အောင် တရားဝင် တရားဥပဒေနည်းလမ်းအတိုင်း ထိထိရောက်ရောက် ကာကွယ်ထားချင်တယ်ဆိုရင်တော့ MTWL Legal ကိုသာသတိရလိုက်ပါ

လုပ်ငန်းရေးရာဥပဒေအပိုင်းမှာ ကျွမ်းကျင်တဲ့ဥပဒေပညာရှင်တွေရဲ့ အကောင်းဆုံးအကြံဉာဏ်တွေကို ရယူပြီး ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို စ၊လယ်၊ဆုံး ဆောင်ရွက်ပေးဖို့အတွက် MTWL Legal ရှိနေပါပြီ။

သင့်လုပ်ငန်းအတွက် အယုံကြည်ရဆုံး MTWL Legal သာအကောင်းဆုံး

MTWL Legal is Your Legal Counsel
သင့်ရဲ့ အယုံကြည်ရဆုံး ဥပဒေ အတိုင်ပင်ခံ MTWL
Phone: 09777899909, 09794699675 တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
Location: No.1/119, 64(A) Street, Between 20 & 21 Streets, Aungmyae Tharzan Township, Mandalay

Latest Articles

Where we keep you informed about the latest legal developments, firm announcements, and industry insights.

Reach out

We’re looking forward to kicking great things off with you very shortly

Connect with us today and let our experienced team guide you towards effective solutions and legal counsel.