Business Knowledge
Jun 2, 2024
လုပ်ငန်းစတည်ထောင်မယ်ဆိုရင် ဘာတွေသိထားဖို့လိုမလဲ
MTWL Team
Admin
Ready to get started?
Elevate Your Marketing Game with LeadLoom. Start Your Free Trial Today!"
မိမိလုပ်ငန်းက ဥပဒေအရ ခိုင်မာမှုရှိဖို့နဲ့ တရားဝင်ဖြစ်ဖို့ဆိုရင် လုပ်ငန်းစတင်တည်ထောင်ကတည်းက ဥပဒေအကြောင်းအရာတွေကို တီးမိခေါက်မိရှိနိုင်မှဖြစ်ပါမယ်။
ဥပဒေနဲ့အညီ တရားဝင် လုပ်ငန်းလိုင်စင်၊ အမှတ်တံဆိပ် မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ၊ အခွန်၊ ချေးငွေတွေ အတွက် စာချုပ် စာတမ်း စုံ၊မစုံ စတဲ့ အချက်တွေ ဆန်းစစ်ကြည့်ပြီးပြီလား?
အစကောင်းမှ အနှောင်းသေချာဆိုသလို ကိုယ့်လုပ်ငန်းက လိုအပ်တဲ့ ဥပဒေပြင်ဆင်ချက်တွေက ဘာတွေလဲဆိုတာ သိထားသင့်ပါတယ်။
ဒါဆိုကိုယ့်လုပ်ငန်းအတွက် ဘာတွေလုပ်ကိုင်ပြင်ဆင်ထားသင့်လဲ
၁။ လုပ်ငန်းပုံစံ ရွေးချယ်ခြင်း
ကိုယ့်လုပ်ငန်းရဲ့ လက်ရှိအနေအထား၊ အနာဂတ်ရည်မှန်းချက် ဒါတွေပေါ်မူတည်ပြီး တစ်ဦးပိုင်လုပ်ငန်း၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီတည်ထောင်မလား၊ ဘယ် လုပ်ငန်းပုံစံက ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မလဲ? ဒါကို သေချာရွေးချယ်သင့်ပြီး အကျိုးသက်ရောက်ပုံတွေ သိထားဖို့လိုပါတယ်။
၂။ လုပ်ငန်းလိုင်စင်
ဘယ်လုပ်ငန်းမျိုးမဆို လုပ်ငန်းလိုင်စင် လုပ်ထားဖို့လိုအပ်ပါတယ်။ အခြေခံလိုအပ်ချက်အနေနဲ့ စည်ပင်လိုင်စင်ရှိဖို့လိုပြီး သက်ဆိုင်ရာလုပ်ငန်းအလိုက် လိုင်စင်တွေရယူဖို့ လိုအပ်ပါတယ်။ ဥပမာ ဆေးဆိုင်ဖွင့်မယ်ဆိုရင် ဆေးရောင်းချခွင့်လိုင်စင်ရှိရမှာဖြစ်သလို စည်ပင်လိုင်စင်လည်း လိုအပ်ပါတယ်။
၃။ အခွန်ကိစ္စ
နိုင်ငံသားတိုင်းဟာ နိုင်ငံတော်အတွက် အခွန်ပေးဆောင်ဖို့ တာဝန်ရှိတဲ့အတွက် လုပ်ငန်းလုပ်ကိုင်လို့ အမြတ်အစွန်းတွေရှိလာတဲ့အခါ အခွန်ထမ်းရပါတယ်။
အဲ့ထဲမှာ ဝင်ငွေခွန် ၊ ကုန်သွယ်လုပ်ငန်းခွန် အစရှိတဲ့ အခွန်အမျိုးအစားတွေကို လုပ်ငန်းအလိုက်၊ ဝင်ငွေပမာဏအလိုက်ပေးဆောင်ရပါမယ်။
၃။ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကိစ္စ
ဘယ်လုပ်ငန်းမဆို မိမိရဲ့ ကုန်အမှတ်တံဆိပ်၊နာမည်၊ ဆောင်ပုဒ် ဒါတွေရှိကြစမြဲပါ။ ဒါတွေကိုဆင်တူရိုးမှားဖြစ်စေ၊ အတုပ ပြုလုပ်၍ဖြစ်စေ ခိုးယူသုံးစွဲခြင်းများကနေ ကာကွယ်နိုင်အောင် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကိုလည်း မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။ Online လိမ်ညာ တုပမှုတွေ ပေါများလွန်းတဲ့ ယနေ့ခေတ်မှာကြုံလာနိုင်တဲ့ အမှတ်တံဆိပ်အတုအပ ကူးယူခြင်းကိုရှောင်ရှားနိုင်ဖို့ အမှတ်တံဆိပ်မှတ်ပုံတင်ပြီး ကာကွယ်ထားပါ။ ကိုယ့်အမှတ်တံဆိပ်ကို လူအများသိအောင်ကြော်ငြာခြင်းနဲ့အတူ ဥပဒေအကာအကွယ်ယူထားဖို့ကလည်း အရေးကြီးပါတယ်။
၄။ စာချုပ်စာတမ်း
တစ်ဦးတည်းပိုင် လုပ်ငန်းဆိုလျှင်တောင် ပေးသွင်းသူ (Supplier) များနဲ့ စာချုပ်စာတမ်းကိစ္စရပ်တွေ ဆောင်ရွက်ရစမြဲပါ။ အစုအစပ်လုပ်ငန်းနဲ့ ကုမ္ပဏီလုပ်ငန်းကြီးတွေဆို ပိုလို့ ဆောင်ရွက်ရပါသေးတယ်။ နုတ်တစ်ရာ၊ စာတစ်လုံးမို့ ဘယ်လောက်ပဲယုံကြည်ရပါစေ… ငွေရေးကြေးရေးကိစ္စ၊ တာဝန်၊ ရပိုင်ခွင့် ကိစ္စရပ်တိုင်းကို စာချုပ်စာတမ်း အသိသက်သေ များနဲ့ စနစ်တကျ ဆောင်ရွက်ထားပါ။
၅။ အလုပ်သမားရေးရာ
မိမိလုပ်ငန်းက လိုက်နာကျင့်သုံးရမဲ့ အလုပ်သမားဥပဒေ၊ အလုပ်သမားအခွင့်အရေး၊ ပေးဆောင်ရမဲ့ ဝင်ငွေခွန်၊ SSB တွေအကြောင်း အသေးစိတ်သိထားရပါမယ်။ ဒါမှသာ ဝန်ထမ်းတွေကို စနစ်တကျအုပ်ချုပ်နိုင်မှာဖြစ်သလို အခွင့်အရေးမျှတစွာရရှိတဲ့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတည်မြဲမှုရှိနိုင်မှာဖြစ်ပါတယ်။
ဒီအချက်တွေကတော့ လုပ်ငန်း စတင်တည်ထောင်လိုက်ပြီဆိုတာနဲ့ မဖြစ်မနေ လုပ်သင့်၊သိထားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအချက်တွေပြင်ဆင်ထားမယ်ဆိုရင် မိမိလုပ်ငန်းက ဥပဒေနှင့်အညီ အခိုင်အမာတည်ရှိနေပြီး ချေးငွေရယူခြင်းကိစ္စရပ်တွေအတွက်လည်း များစွာ အထောက်အကူဖြစ်မှာပါ။
ဒါကြောင့် သင့်လုပ်ငန်းအတွက် ရေရှည်စဉ်းစားထားပြီးစီးပွါးရေးဥပဒေပညာရှင်များနှင့် သေချာစွာတိုင်ပင်ဆွေးနွေးချင်ပြီဆို MTWL ကို သတိရလိုက်ပါ။
သင့်လုပ်ငန်းရေရှည််ရပ်တည်နိုင်ဖို့ MTWL Legal မှ ကျွမ်းကျင် စီးပွါးရေး ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးလိုက်ပါ
MTWL Legal is Your Legal Counsel
သင့်ရဲ့ အယုံကြည်ရဆုံး ဥပဒေ အတိုင်ပင်ခံ MTWL
Phone: 09777899909, 09794699675 တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
Location: No.1/119, 64(A) Street, Between 20 & 21 Streets, Aungmyae Tharzan Township, Mandalay