Business Knowledge

Mar 16, 2023

Characteristics of Company

MTWL Team

Admin

Pink Flower
Pink Flower
Pink Flower
Pink Flower

Ready to get started?

Elevate Your Marketing Game with LeadLoom. Start Your Free Trial Today!"

ကုမ္ပဏီ၏ ဝိသေသလက္ခဏာများ
[Characteristics of Company]

Separate Legal Entity
[ သီးခြားတရားဝင်အဖွဲ့အစည်းဖြစ်ခြင်း]

ကုမ္ပဏီသည် ကုမ္ပဏီတွင်ပါဝင်သူများနှင့် သီးခြားဖြစ်သော ဥပဒေက (Artificial Legal Person) လူအဖြစ် အသိအမှတ်ပြုထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။ ကုမ္ပဏီသည် သီးခြားရပ်တည်မှုရှိသည့်အတွက် ကုမ္ပဏီနာမည်ဖြင့် ပဋိညာဉ်ချုပ်ဆိုခြင်း၊ ငွေကြေးချေးငှါးခြင်း ၊ ရပိုင်ခွင့်များကို ရောင်းချခြင်းနှင့်ဝယ်ယူခြင်းများကို ဆောင်ရွက်နိုင်ပါသည်။ ဥပဒေအရလူ (တစ်နည်း) တရားဝင်အဖွဲ့အစည်းဖြစ်သည့်အတွက် လူတစ်ဦးကဲ့သို့ တရားစွဲဆိုနိုင်သလို၊ တရားအစွဲဆိုခံရနိုင်သည်များလည်းရှိပါသည်။ ဥပဒေနှင့်အညီ စီးပွါးရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ပြီး ဥပဒေအရ ပေးရန်တာဝန်ရှိသော အခွန်အခများကိုလည်း ပေးဆောင်ရပါသည်။ထို့အပြင် ဖျက်သိမ်းခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်းမှပယ်ဖျက်ခြင်းမရှိသ၍ တရားဝင်ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။

Limited Liability
[ တာဝန်ကန့်သတ်ထားခြင်း]

ဤနေတွင် တာဝန်ကန့်သတ်ထားခြင်းဆိုသည်မှာ ပေးရန်တာဝန်များကို ကန့်သတ်ထားခြင်းကိုဆိုလိုသည်။ ကုမ္ပဏီတွင်ပါဝင်သူများ တစ်နည်း ကုမ္ပဏီ၏ အစုရှယ်ယာရှင်များသည် ကုမ္ပဏီဖျက်သိမ်းသည့်အခါဖြစ်စေ၊ ဆုံးရှုံးမှုတစ်စုံတစ်ရာကြုံသည့်အခါဖြစ်စေ ငုင်းတို့ထည့်ဝင်ထားသည့် အစုရှယ်ယာပမာဏာ အထိသာပေးရန်တာဝန်ရှိပါသည်။ ပေးရန်တာဝန်ကန့်သတ်ထားမှုအပိုင်းသည် အခြားသော စီးပွါးရေးပုံစံများနှင့် အဓိကကွာခြားမှုအပိုင်းဟု ဆိုနိုင်ပါသည်။ တစ်ဦးတည်းပိုင်လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများသည် ပေးရန်တာဝန်ကန့်သတ်မထားပါ။ လုပ်ငန်းတွင် ဆုံးရှုံးမှူပေါ်ပေါက်ပါက ပေးရန်တာဝန်ရှိသည်များအတွက် မိမိတို့၏ ပုဂ္ဂလိကပိုင်ဆိုင်မှုများအထိ သက်ရောက်မှုရှိနိုင်ပါသည်။ အခြားနိုင်ငံများတွင် တာဝန်ကန့်သတ်သည့် အစုစပ်လုပ်ငန်းများအား ( LLP - Limited Liability Partnership) ဖွဲ့စည်းလေ့ရှိကြသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါပုံစံအတွက် ဥပဒေပြဌာန်းချက်မရှိသေးပါ။

Perpetual
[ စဉ်ဆက်မပြတ်တည်ရှိခြင်း ]

ကုမ္ပဏီသည် ပါဝင်သူများနှင့် သီးခြားဖြစ်သည့်အဖွဲ့အစည်းဖြစ်သည့်အတွက် အစုရှယ်ယာရှင်များသေဆုံးခြင်း ၊ အပြောင်းအလဲဖြစ်ခြင်းသည် ကုမ္ပဏီ၏ဖြစ်တည်မှုအပေါ်တွင်သက်ရောက်မှုမရှိပါ။ ကုမ္ပဏီသည် ဥပဒေအရဖြစ်ပေါ်လာသည့် သတ်မှတ်ချက် ( Legal Fiction ) ဖြစ်သည့်အတွက် ကုမ္ပဏီ၏ ဖြစ်တည်မှုကို အဆုံးသတ်လိုသည့်အခါ ဥပဒေပြဌာန်းချက်များအတိုင်းသာ အဆုံးသတ်ရပါသည်။ မှတ်ပုံတင်စာရင်းမှပယ်ဖျက်ခြင်း နှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းများပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် “ A Corporation does not die : it must be killed “ ဟုပင်ညွှန်းဆိုကြပါသည်။


အထက်ဖော်ပြပါ ဝိသေလက္ခဏာများနှင့်အတူ ကုမ္ပဏီတည်ထောင်ခြင်း ( Incorporation) ကြောင့် စျေးကွက်တွင်ယုံကြည်မှုရနိုင်ခြင်း၊ မတည်ရင်းနှီးငွေမြင့်တင်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်သလ်ု အခွန်စည်းကြပ်ခံရခြင်း၊ ဥပဒေပိုင်းဆိုင်ရာလိုက်နာဆောင်ရွက်မှုအပိုင်းတွင်ပိုမို လိုက်နာဆောင်ရွက်ရခြင်းများလည်း ရှိမည်ဖြစ်ပါသည်။

Latest Articles

Where we keep you informed about the latest legal developments, firm announcements, and industry insights.

Reach out

We’re looking forward to kicking great things off with you very shortly

Connect with us today and let our experienced team guide you towards effective solutions and legal counsel.