Business Knowledge

Oct 23, 2024

ကုမ္ပဏီတည်ထောင်ပြီးတာနဲ့ ကြိုက်တဲ့လုပ်ငန်းတန်းလုပ်လို့ရပြီလား

MTWL Team

Admin

Purple Flower
Purple Flower
Purple Flower
Purple Flower

Ready to get started?

Elevate Your Marketing Game with LeadLoom. Start Your Free Trial Today!"

ကုမ္ပဏီတည်ထောင်ပြီးတာနဲ့ ကြိုက်တဲ့လုပ်ငန်းတန်းလုပ်လို့ရပြီလား

ကုမ္ပဏီတည်ထောင်ပြီးတာနဲ့ လုပ်ငန်းလုပ်ဖို့ စအသက်ဝင်ပြီလို့ ပြောလို့ရပါတယ်၊ ဥပဒေမှာက ကုမ္ပဏီကို သီးခြားလူအဖြစ် ရှုမြင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် ကုမ္ပဏီက သူ့ကိုယ်ပိုင်နာမည်နဲ့ စာချုပ်တွေချုပ်နိုင်တယ်၊ လုပ်ငန်းတွေလုပ်နိုင်တယ်၊ ချေးငွေတွေရယူနိုင်တယ်၊ တရားစွဲတာတွေလုပ်နိုင်တယ်။

ကုမ္ပဏီထောင်ပြီး တရားဝင်လုပ်ငန်းလုပ်ကိုင်ဖို့က ထပ်ပြီး လုပ်စရာတွေရှိပါသေးတယ်

  • နှစ်စဉ်အစီရင်ခံစာတင်ခြင်းအပိုင်း

    ကုမ္ပဏီထောင်ပြီးတာနဲ့ နှစ်စဉ်အစီရင်ခံစာတင်ရတဲ့အပိုင်းကို နှစ်စဉ် မပျက်မကွက်ဆောင်ရွက်ဖို့လိုပါတယ်၊ ပျက်ကွက်ခဲ့မယ်ဆိုရင် ကနဦးအနေနဲ့ ဆိုင်းငံ့ခံရမယ်၊ ကြာလာရင် မှတ်ပုံတင်စာရင်းကပယ်ဖျက်ခံရနိုင်ပါတယ်၊ ဒီလောက်အခြေအနေဆိုးလာရင် ပစ်ထားလိုက်တော့မယ်တွေးရင် နောက်ပိုင်း ကုမ္ပဏီထောင်ခွင့်မရှိတော့မှာ စတာတွေကြုံတွေ့နိုင်ပါတယ်


  • လုပ်ငန်းလိုင်စင်များအပိုင်း
    လုပ်ငန်းလုပ်ဖို့အပိုင်းက လုပ်ငန်းလိုင်စင်၊ ခွင့်ပြုချက်၊ ပါမစ် စတာတွေလိုအပ်ပါတယ်။ အခြေခံအားဖြင့် စည်ပင်လုပ်ငန်းလိုင်စင်ကို လျှောက်ထားရယူရပါတယ်။ အချို့လုပ်ငန်းတွေက စည်ပင်လိုင်စင်ရှိရုံနဲ့ ဆောင်ရွက်လ်ို့ရတာတွေလည်းရှိပါတယ်။ ဒါပေမယ့် စည်ပင်လိုင်စင်အပြင် ထပ်ပြီး ဘယ်လို လုပ်ငန်းလိုင်စင်လုပ်ရမယ်၊ ခွင့်ပြုချက်တွေ တောင်းရမယ်ဆိုတာက ကိုယ့်ကုမ္ပဏီက ဘာလုပ်ငန်းလုပ်မယ်ဆိုတဲ့အချက်ပေါ် မူတည်ပါတယ်။ လုပ်ငန်းအမျိူးအစားပေါ်မူတည်ပြီး လိုင်စင်လျှောက်ထားဖို့ မတည်ငွေလိုအပ်ချက်၊ ခွင့်ပြုချက်ယူရတာတွေ၊ လိုင်စင်ကြေး၊ လိုင်စင်သက်တမ်း၊ လိုင်စင်စည်းကမ်း စတာတွေ ထပ်ကွဲပြားသွားပြီး ကိုယ့်လုပ်ငန်းကို ကြီးကြပ်မယ့် အစိုးရဌာနတွေလည်း ကွဲပြားသွားမှာပါ။ ဒါကြောင့် ကုမ္ပဏီထောင်ပြီးလို့ တရားဝင်လုပ်ငန်းလုပ်တော့မယ်ဆို လုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင်ရှိဖို့လည်း လိုပါမယ်။

  • အခွန်ပိုင်း
    နောက်တစ်ချက်က အခွန်ပါ။ သူက လိုင်စင်ကြေးနဲ့မတူပါဘူး။ ဒါပေမယ့် သက်ဆိုင်မှုရှိနိုင်ပါတယ်။ ဘယ်လိုဆိုင်နိုင်လဲဆိုရင် အခွန်မဆောင်တဲ့လုပ်ငန်းတွေကို လိုင်စင်သက်တမ်းမတိုးပေးတာစတဲ့ အရေးယူမှုတွေကြုံရတတ်ပါတယ်။ ကုမ္ပဏီတည်ထောင်တဲ့အခါ ကနဦးအနေနဲ့ အစုရှယ်ယာထည့်ဝင်တဲ့သူတွေက ဝင်ငွေရလမ်းမပြနိုင်ရင် မတည်ငွေထည့်ဝင်မှုအပေါ်မှာ အခွန်ဆောင်ရပါမယ်။ ဒါက တစ်ဦးချင်းအခွန်ပါ။ ထပ်ပြီး ကုမ္ပဏီက လုပ်ငန်းလုပ်လို့ အမြတ်ရှိလာတဲ့အခါ အဓိကအားဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်ဆောင်ရမှာတွေရှိပါတယ်။ လုပ်ငန်းအလိုက် အခြားဆောင်ရနိုင်တဲ့အခွန်တွေလည်းရှိပါသေးတယ်။

    အထက်မှာ ပြောပြသွားတာတွေက ကုမ္ပဏီတည်ထောင်ပြီး တရားဝင်လုပ်ငန်းဆက်လက်လုပ်ကိုင်ဖို့အတွက် ယေဘုယျလိုအပ်ချက်များဖြစ်ပါတယ်။ တကယ်လုပ်ငန်းလုပ်တဲ့အခါ ဥပဒေနဲ့အညီဖြစ်ဖို့ ၊ အကျိုးစီးပွါးမထိခိုက်အောင်ကာကွယ်ဖို့အတွက် စာချုပ်စာတမ်းနဲ့လုပ်တာတွေလည်း လုပ်ဖို့လိုအပ်ပါသေးတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖို့လိုလဲဆိုတာအတွက် အသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင် ကျနော်တို့ MTWL LEGAL ကဆွေးနွေးမှုအပိုင်းရော၊ လိုအပ်တာဆောင်ရွက်ပေးမှုအပိုင်းအတွက်ပါ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

    သင့်လုပ်ငန်းများအတွက် စ၊ လယ် ၊ ဆုံး ဥပဒေရေးရာကိစ္စများအတွက် MTWL LEGAL မှ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်

MTWL Legal is Your Legal Counsel
သင့်ရဲ့ အယုံကြည်ရဆုံး ဥပဒေ အတိုင်ပင်ခံ MTWL

သိရှိလိုသည်များအတွက် ဖုန်း 09777899909, 09794699675 တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Latest Articles

Where we keep you informed about the latest legal developments, firm announcements, and industry insights.

Reach out

We’re looking forward to kicking great things off with you very shortly

Connect with us today and let our experienced team guide you towards effective solutions and legal counsel.